အာဆီယံဥက္ကဋ္ဌ နဲ့ NUG ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး
အမျိုသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်တို့ ဧပြီ ၁၈ ရက် ဒီနေ့မနက်ပိုင်းက အွန်လိုင်းကတဆင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲအတွင်း အာဆီယံဥက္ကဋ္ဌနဲ့တကွ အဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာ ဧပြီလ ၁၇ ရက်နေ့ မနေ့ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေရဲ့ အရေးပေါ်လူသားချင်းစာနာမှု လိုအပ်ချက်တွေ နဲ့ မြန်မာပြည်ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရေးတွေကို ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။