လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
AA ထိန်းချုပ်ရာ ကျောက်တော်မြို့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော်ဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၅ နာရီ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၉ ရက်)
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံ ဥက္ကဋ္ဌ နဲ့ NUG ဝန်ကြီးချုပ်တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မကွေးထောင်မှာ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံဥက္ကဋ္ဌ နဲ့ NUG ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြန်မာမှာတိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငါးဖမ်းသမား ငါးဆယ်ကျော် ဘင်္ဂလားဒေ့ရှ်ပြန်ပို့
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၈ ရက်)
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့် လွတ်ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ကျိုက်ထီးရိုးဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်သုံးကြိမ်ထပ်လှုပ်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

အကျဉ်းသား ၄၉၀၀ ခန့် လွတ်ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်

၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း

မြန်မာ နှစ်ဆန်း (၁)ရက်မှာ အကျဉ်းသား ၄၈၉၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပြိုင်ဘက်တွေနဲ့  သူ့ကိုဆန့်ကျင်တဲ့သူတွေကို အကျဉ်းထောင်တွေထဲမှာ ဆက်လက် ချုပ်နှောင်ထားပါတယ်။

လက်နက်မှု၊ အကြမ်းဖက်မှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူတစ်ဦးရဲ့ မိခင်ကတော့ သူ့ရဲ့သား ပြန်လွတ်လာဖို့ မျှော်လင့်ခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါမလာတဲ့အတွက် ဝမ်းနည်းရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့လို့ အကျဉ်းကျခံနေရတဲ့ သူ့သားအတွက် ဂုဏ်ယူတယ်လို့ RFA ကိုပြောပါတယ်။

“ဂုဏ်ယူတယ်။ ပြီးလို့ရှိရင် ထောင်ထဲမှာရှိနေတဲ့ သားကိုလည်း မရရအောင် ပြန်စောင့်ရှောက်နေတယ်။ သားနဲ့ပတ်သက်လို့ မျှော်လင့်တာကတော့ သားက အထဲမှာ စစ်ကောင်စီက ထိန်းသိမ်းထားတယ်ဆိုပေမဲ့ သားက သူ့ရဲ့ အနာဂတ်ကို သေသေချာချာသိသွားပြီ။ သူဘာလုပ်ရမလဲဆိုတာ သိသွားပြီ။ သူတို့က သားကို အချိန်တွေကို ချုပ်ပစ်ပေမဲ့ သားက အထဲမှာနေပြီးတော့ လုံး၀ လူညွန့်တုံးမခံဘူး။ အင်္ဂလိပ်စာ လေ့လာတယ်။ အဲ့ဒီထဲမှာ ဂျပန်စာ သင်တဲ့သူရှိတယ်၊ ပန်းချီဆရာတွေလည်းရှိတယ်။ တခြားသူတွေလည်းရှိတယ်။ သူက သူ့တတ်လမ်းအတွက် ရမဲ့ဟာကို သူရွေးချယ်တယ်”

ဧပြီ ၁၇ ရက်နေ့ ညနေအထိ ကောက်ယူရရှိတဲ့စာရင်းတွေအရ ဒီနေ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအရ ဖမ်းဆီးခံရသူ တစ်ရာကျော်သာ ပါဝင်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) တည်ထောင်သူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“စစ်ကောင်စီကတော့ အာဆီယံမှာ မျက်နှာပန်းရဖို့ နာမည်ပါရုံဆိုရုံလောက်ပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်ဆိုတဲ့ ပုံစံလောက်ပဲ သူတို့က ထည့်ထားတာဖြစ်ပြီးမှ တကယ့်လက်တွေ့မှာတော့ တော်လှန်ရေး အားကောင်းလာတဲ့ အခြေအနေမျိုးမှာ သူတို့ကို ပြန်ပြီးမှ သေနတ်မောင်းပြန်လှည့်မဲ့သူတွေ၊ သူတို့ကို ပြန်ပြီးတော်လှန်မဲ့သူတွေ၊ အမှန်တရားကို ချစ်မြတ်နိုးတဲ့သူတွေကိုတော့ အတတ်နိုင်ဆုံး အကျဉ်းထောင်ထဲမှာ ဆက်ပြီး ထိန်းထားမယ်ဆိုတဲ့ သူတို့ရဲ့ နောက်ကွယ်က သဘောထားကို ကျွန်တော်တို့ သွားတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းနေတာဖြစ်တယ်”

ဒီအပြင် စစ်ကောင်စီက ပြစ်မှုအများအပြားကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လျော့ချခဲ့ပေမဲ့ နိုင်ငံရေးပြိုင်ဘက်တွေနဲ့ သူ့ကိုဆန့်ကျင်သူတွေကို စွဲဆိုထားတဲ့ လက်နက်မှု၊ မတရားအသင်းဆက်နွယ်မှု၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ သဘာ၀ဘေး စတဲ့အမှုတွေကိုတော့ ပြစ်ဒဏ်လျော့မပေးခဲ့ပါဘူး။


ဆက်နွှယ်သော သတင်းများ

သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာ စတီးတို့ ပြန်လွတ်လာ

ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင်တချို့ကို စစ်ကောင်စီ ပြန်လွှတ်

အကျဉ်းသား ၄၉၀၀ ခန့် စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး


ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“အရင်ပေးခဲ့တဲ့ လွတ်ငြိမ်းသက် သာခွင့် တွေအရကြည့်ရင် သူတို့က ကြိုတင်အမည်စာရင်း (Nomination) နဲ့ လုပ်တာ။ ပုဒ်မတွေ ကန့်သတ်တယ်၊ လူပုဂ္ဂိုလ်တွေခွဲခြားတယ်၊ ပြီးမှ မပေးလည်း လွတ်တော့မဲ့လူတွေ၊ ဥပမာ - တစ်လ အတွင်၊ နှစ်လအတွင်း၊ သုံးလအတွင်း လွတ်မဲ့လူတွေ၊ ဒီလိုလူတွေကို သီးခြားစာရင်း ကောက်ယူပြီးတော့မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတယ်ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်တစ်ခုကို အောင်မြင်အောင်လုပ်တဲ့ သဘောပါပဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့လို NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားတာလို့ ဝေဖန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံတကာဖိအားတွေလျော့ချဖို့ ဟန်ပြလုပ်ခဲ့တာလို့  RFAကိုပြောပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ကြေညာပေးဖို့ ကုလသမဂ္ဂ က ဧပြီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ  အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၇ ကြိမ်ကြေညာခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၁၀၆,၆၂၂ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့ ISP-Myanmar ရဲ့စာရင်းတွေအရ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ဝန်းကျင်သာပါဝင်ပါတယ်။