လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
AA ထိန်းချုပ်ရာ ကျောက်တော်မြို့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော်ဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၅ နာရီ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၉ ရက်)
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံ ဥက္ကဋ္ဌ နဲ့ NUG ဝန်ကြီးချုပ်တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မကွေးထောင်မှာ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံဥက္ကဋ္ဌ နဲ့ NUG ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြန်မာမှာတိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငါးဖမ်းသမား ငါးဆယ်ကျော် ဘင်္ဂလားဒေ့ရှ်ပြန်ပို့
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၈ ရက်)
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့် လွတ်ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ကျိုက်ထီးရိုးဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်သုံးကြိမ်ထပ်လှုပ်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ

၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဧပြီလ ၁၇ ရက် ဒီနေ့ ပြန်လွတ်လာကြတယ်လို့ သူ့ရဲ့မိတ်ဆွေတွေကပြောပါတယ်။

ပြန်လွတ်လာတဲ့ ဦးဟံသာညိန်းဟာ ကျန်းကျန်းမာမာရှိနေတယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဦးနေသန်မောင်က RFA ကိုပြောပါတယ်။

“လေးနှစ်ကျော်လောက် စောင့်ခဲ့ရတာဆိုတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့ဗျာ။ သူကျန်းကျန်းမာမာ ရှိပါတယ်ဗျ”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့က ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဦးဟံသာညိန်းဟာ ဦးနေသန်မောင်အတူ ဖမ်းဆီးခံခဲ့ရတာပါ။

အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးဟံသာညိန်းကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ထောင်နှစ်နှစ်၊ ၂၀၂၂ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ နောက်ထပ်ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာပါ။

အလားတူ ဒါရိုက်တာစတီးဟာလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ သတင်းတွေကိုမျှဝေမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၀ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရတာပါ။ ဒီနေ့မှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့အတူ ပြန်လည်လွတ်မြောက်လာပြီလို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေကနေတစ်ဆင့် ရုပ်သံဗီဒီယိုတွေနဲ့ အသိပေးထားပါတယ်။

စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့မှာကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်းအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် လက်ရှိကျန်ရှိနေတဲ့ ပြစ်မှုတွေအတွက်ပါ တပါတည်းထပ်မံကျခံရမယ်ဆိုတဲ့ခံဝန်ကတိနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာထားပါတယ်။