လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
AA ထိန်းချုပ်ရာ ကျောက်တော်မြို့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော်ဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၅ နာရီ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၉ ရက်)
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံ ဥက္ကဋ္ဌ နဲ့ NUG ဝန်ကြီးချုပ်တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မကွေးထောင်မှာ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံဥက္ကဋ္ဌ နဲ့ NUG ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြန်မာမှာတိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငါးဖမ်းသမား ငါးဆယ်ကျော် ဘင်္ဂလားဒေ့ရှ်ပြန်ပို့
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၈ ရက်)
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့် လွတ်ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ကျိုက်ထီးရိုးဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်သုံးကြိမ်ထပ်လှုပ်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်သုံးကြိမ်ထပ်လှုပ်

၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ပဲခူးတိုင်း ရေတာရှည်နဲ့ နေပြည်တော် လယ်ဝေးမြို့နယ်တွေကို ဗဟိုပြုပြီး ဧပြီလ ၁၇ ရက် ဒီနေ့မှာ ငလျင်သုံးကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။

ဧပြီလ ၁၇ ရက်နေ့ မနက် ၄ နာရီ ၆ မိနစ်လောက်က ရေတာရှည်မြို့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာမှာ ၃ ဒသမ ၁ ရစ်(ချ်)တာစကေး၊ မနက် ၅ နာရီ ၃၂ မိနစ်လောက်က လယ်ဝေးမြို့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာမှာ အင်အား ၃ ဒသမ ၂ ရစ်(ချ်)တာစကေး၊ မွန်းလွဲ ၁ နာရီ ၂ မိနစ်လောက်က ပုသိမ်ကြီးမြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာမှာ အင်အား ၄ ဒသမ ၆ ရစ်(ချ်)တာစကေး အသီးသီးရှိတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့တာပါ။

ဒီနေ့ မွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကိုတော့ မန္တလေးမြို့ပေါ်ကနေ သိသိသာသာခံစားခဲ့ရပြီး ဒေသခံတွေဟာ ယာယီတဲတွေမှာ နေထိုင်နေကြရဆဲဖြစ်လို့ အထိအခိုက်မရှိခဲ့ဘူးလို့ မြို့ခံအချို့ကပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပါအဝင် ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ပိုင်းအထိ နောက်ဆက်တွဲလှုပ်ခတ်တဲ့ ငလျင်ပေါင်း ၁၄၀ အထိရှိလာတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ရစ်(ချ်)တာစကေး ၄ နဲ့အထက် လှုပ်ခတ်တဲ့ ငလျင်ပေါင်း ၃၂ ကြိမ်အထိ ရှိပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီအထိ သေဆုံး သူ ၃၇၂၇ ဦးအထိ ရှိလာနေပါတယ်။