လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
AA ထိန်းချုပ်ရာ ကျောက်တော်မြို့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော်ဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၅ နာရီ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၉ ရက်)
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံ ဥက္ကဋ္ဌ နဲ့ NUG ဝန်ကြီးချုပ်တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မကွေးထောင်မှာ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အာဆီယံဥက္ကဋ္ဌ နဲ့ NUG ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြန်မာမှာတိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငါးဖမ်းသမား ငါးဆယ်ကျော် ဘင်္ဂလားဒေ့ရှ်ပြန်ပို့
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၈ ရက်)
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
အကျဉ်းသား ၄၉၀၀ ခန့် လွတ်ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ကျိုက်ထီးရိုးဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်သုံးကြိမ်ထပ်လှုပ်
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

မကွေးထောင်မှာ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

မကွေးအကျဉ်းထောင်မှာ ဧပြီလ ၁၃ ရက်နေ့က အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ နဲ့ အကျဉ်းသားတွေကြား တင်းမာမှုတချို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၃ ရက် ညနေ ခြောက်နာရီ ဝန်းကျင်မှာ မကွေးအကျဉ်းထောင်ရှေ့မှာ စစ်ကောင်စီတပ် နဲ့ ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားနေစဉ် အကျဉ်းထောင်တွင်းမှာလည်း အကျဉ်းသားတွေ နဲ့ ဝန်ထမ်းတွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ကြောင်း၊ ထောင်ဗူးဝ နဲ့ ကင်းမျှော်စင်က အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုတွေကြောင့် ထောင်တွင်းဓမ္မာရုံမှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် ၂ ဦး အနည်းဆုံးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း နိုင်ငံရေးအကျဉ်းသား နဲ့ အကျဉ်းသားတွေ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး (၅) ဦးထက်မနည်း ဆေးကုသခံနေရတယ်လို့ ဆိုပါတယ်။ ထောင်ဝန်ထမ်းတစ်ချို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီ တင်းမာမှုဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းစုံစမ်း စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးချုပ်ကျော်လင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီကိစ္စက သူနဲ့ မသက်ဆိုင်ကြောင်း ပြန်လည်ပြောဆိုပါတယ်။ RFA က အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။