ကေအန်န်ဂျီ

ကေအန်န်ဂျီ

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့
၁၆ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၀ ရက် က သတင်း
မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ

၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၀ ရက် က သတင်း

မန္တလေးမြစ်ကြီးနား လေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်းခက်ခဲတယ်လို့ ခရီးသည်တွေပြောပါတယ်။

လက်ရှိ မန္တလေးမြစ်ကြီးနားကိုပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာပုံ၊ အေးကမ္ဘောဇလေကြောင်းလိုင်းတွေရဲ့လက်မှတ်‌ဈေးနှုန်းတွေဟာ ကျပ် ၇ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကKNG ကိုပြောပါတယ်။

မန္တလေးကနေ မြစ်ကြီးနားထိ ၆ သိန်းကျော် ၇ သိန်းဝန်းကျင်ရှိတယ်။ မန္တလေးပူတာအိုဆိုရင်တော့ ဘယ်လေကြောင်းလိုင်းဖြစ်ဖြစ် ၉ သိန်းဝန်းကျင်အထိရှိတယ်။ ကြိုတင်ဝယ်ထားရင်တော့ ၈ သိန်းဝန်းကျင်ပဲ အနီးကပ်မှဝယ်ရင် ၉ သိန်းတစ်သောင်းလောက်ရှိတယ်လို့ မြစ်ကြီးနားမြို့မှလေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်အမျိုးသားတစ်ဦးကပြောပါတယ်။

မန္တလေးမြစ်ကြီးနားသာမက အလားတူ မန္တလေးပူတာအိုလေယာဥ်လက်မှတ်တွေလည်း ဈေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရခက်တယ်လို့ မန္တလေးဆင်းမယ့်ပူတာအို‌ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုခုလိုပြောပါတယ်။

ဒီလ(ဧပြီ) ဆယ်ရက်ကျော်လောက် မန္တလေးဆင်းချင်တာ လက်မှတ်ကမရဘူး ၅ လပိုင်းကုန်ခါနီးထိစောင့်ရမယ်တဲ့။ မန္တလေးပူတာအိုကအတက်ကော အဆင်းကော ၅ လပိုင်း ၂၀ ကျော်အထိလက်မှတ်တွေ ကုန်နေပြီတဲ့ဝယ်မရဘူးလို့ အသက် ၂၉ နှစ်အရွယ် ခရီးသည်တစ်ဦးကပြောပါတယ်။

ပူတာအိုမန္တလေး အတက်အဆင်းလေယာဥ်လက်မှတ်တွေ ၅ လပိုင်းကုန်အထိဝယ်မရဖြစ်နေသလို မြစ်ကြီးနားမန္တလေးကြားလေယာဥ်လက်မှတ်တွေလည်း ဧပြီလကုန်ပိုင်းအထိကုန်နေပြီလို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေဆီကနေသိရပါတယ်။

မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းမှာ ယခုနောက်ပိုင်း ခရီးသွားလူငယ်တွေပေါ်တာဆွဲခံရတာ၊ တိုက်ပွဲတွေမကြာခနဖြစ်ပွားတာတွေကြောင့် လေကြောင်းဖြင့်ခရီးသွားလာသူပိုများလာသလို ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာလည်း လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံထားရဆဲ ဖြစ်တာကြောင့် လေကြောင်းလိုင်းကနေခရီးသွားလာသူပိုများလာတဲ့အတွက် ခုလိုလေယာဥ်လက်မှတ်စျေးတက်ပြီး ဝယ်ယူဖို့ခက်ခဲလာတာလို့ခရီးသွားပြည်သူတွေဆိုကြပါတယ်

၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းအထိ မြစ်ကြီးနားမန္တလေး လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ လေကြောင်းလိုင်းပေါ်မူတည်ပြီး ကျပ် ၄ သိန်းကနေ ကျပ် ၅ သိန်းဝန်းကျင်၊ လက်ရှိ ကျပ် ၆ သိန်းက‌နေ ၇ သိန်းဝန်းကျင်၊ပူတာအိုမန္တလေးအထိ ယခင်ကျပ် ၆ သိန်းဝန်းကျင်၊ လက်ရှိ ကျပ် ၉ သိန်းဝန်းကျင်အထိ မြင့်တက်လာပါတယ်။

ဒါ့အပြင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သွားတဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လေကြောင်းလိုင်းတွေယာယီရပ်နားခဲ့ရာ ဧပြီ ၅ရက်နေ့မှာပြန်လည်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

The post မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ appeared first on Kachin News Group (KNG).