ကေအန်န်ဂျီ

ကေအန်န်ဂျီ

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့
၁၆ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၀ ရက် က သတင်း
မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

ပူတာအိုမြို့နယ် မူလာဒီကျေးရွာမှာ ဆင်တစ်ကောင်သောင်းကျန်းလို့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ KNG က စုံစမ်းသိရပါတယ်။

သေဆုံးသူတွေဟာ အသက် ၈၀ ကျော်အရွယ်အမျိုးသမီး ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ လီဆူအဆို‌တော် ယော်တီဖာရဲ့ မိခင်ပါသေဆုံးခဲ့ရတာဖြစ်ပါတယ်။

လီဆူသရုပ်ဆောင်ယော်တီဖာကကျနော့အမေလည်းအဲ့ဒီဆင်ကြောင့် အမေရော၊ အမေရဲ့သူငယ်ချင်းအသက်ရွယ်တူတစ်ယောက်လည်း နှစ်ယောက်လုံး ဆုံးသွားပြီကြားတော့။ အဲ့တာသေချာသွားပြီ။ ရွာဘုရားကျောင်းဘက်မှာလည်းအဘွားအိုတစ်ယောက်အသတ်ခံရတယ်ဆိုပြီး သတင်းကြားတယ်လို့ KNG ကိုအတည်ပြုပါတယ်။

ဖြစ်စဥ်ကတော့ ဧပြီလ ၁၆ ရက်နေ့မှာ မကြာခင်ကျရောက်မယ့် အီစတာပွဲတော်နေ့လို့ခေါ်တဲ့ ခရစ်တော်ရှင်ပြန်ထမြောက်ပွဲတော်အတွက် ထမင်းထုပ်ဖို့ ရွာနဲ့မလှမ်းမကမ်းမှာဖက်ရွက်သွားခူးရာကနေ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ကနဦး သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မူလာဒီမှာ ဆင်ရိုင်းဝင်တိုက်ခိုက်သွားတဲ့ နေရာ

အဲ့ဒီနောက် ဧပြီလ ၁၇ ရက်နေ့ညပိုင်းမှာတော့ မူလာဒီကျေးရွာထဲ အဲ့ဒီဆင်ကဝင်ရောက်ပြီးသောင်းကျန်းခဲ့ပြန်တာကြောင့် ယော်တီဖာရဲ့မိခင်ဖြစ်သူအပါအဝင် ၃ ဦးထပ်မံသေဆုံးခဲ့ရတာလို့ သိရပါတယ်။

သေဆုံးတာကျတော့ ပထမတစ်ယောက်က ရှင်ပြန်ထမြောက်ပွဲအတွက် ဖက်ရွက်လိုက်ရှာရင်းအသတ်ခံရတာတစ်ယောက်။ မနေ့ညကကျတော့ ရွာမှာရောက်လာတာ။ အဲ့ဒီဆင်က။ ရွာထဲမှာမနေ့ညကလာပြီး သတ်ခံလိုက်ရတာက သုံးယောက်။ မိန်းမတွေအဖွားတွေပဲ။ အသက် ၃၀ ကျော်မိန်းကလေး တစ်ယောက်တော့ပါတယ် လို့ နောက်ထပ်ဆင်တိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့မိသားစုဝင်အမျိုးသမီးတစ်ဦးပြောပါတယ်။

ဒါ့အပြင် မူလာဒီကျေးရွာအတွင်းရှိတဲ့နေအိမ်တစ်ချို့လည်းပျက်ဆီးခဲ့ရပြီး ကျေးရွာထဲအခုလိုဝင်ရောက်သောင်းကျန်းခဲ့တဲ့ ဆင်ဟာ ဆင်ရိုင်းမဟုတ်ဘူးလို့ ဒေသခံတွေကဆိုကြပေမဲ့ KNG က သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါ ဘူး။

ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ မူလာဒီရွာဟာ ပူတာအိုမြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ မူလာရှီးဒီးကြိုးတံတားရှိရာကျေးရွာရဲ့ တစ်ဖက်ကမ်းမှာဘဲတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့နဲ့ တနိုင်းမြို့တွေမှာ အခုလိုဆင်အန္တရာယ်ကြောင့် ဒေသခံတွေမကြာခဏသေဆုံးရလေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း တနိုင်းမြို့နယ် လမုန်ကျေးရွာမှာ မုန်ယိုနေတဲ့အိမ်မွေးဆင်ထီးတစ်ကောင် သောင်းကျန်း လို့ အမျိုးသား ၃ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

By – အမိုး

The post ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး appeared first on Kachin News Group (KNG).