ကေအန်န်ဂျီ

ကေအန်န်ဂျီ

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့
၁၆ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၀ ရက် က သတင်း
မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ

၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် ကဲဆန်ဆာလင်ကျေးရွာက ဒေသခံအိမ်ခြေ ၁၀၀ ရဲ့ စပါးကျီမီးလောင်သွားတာကြောင့် အစားအသောက်အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလေးတွေ ပျားအုံမီးရှိူ့ရာကနေ ကူးစက်လောင်ကျွမ်းခဲ့တာလို့သိရပြီး စပါးကျီ ၁၃၀ ခန့်ထဲကနေ ၁၀၀ ဝန်းကျင် မီးလောင်ပျာကျသွားတာလို့ကဲဆန်ဆာလင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လောလောဆယ်သိရသလောက် ကလေးတွေ ပျားဖွတ်တာ မီးက စပါးသိုက်တွေဘက်ကိုကူးသွားတာလို့သိရတယ်။တစ်ရွာလုံးရဲ့စပါးကျီတွေလောင်သွားတာဗျ။ မီးမလောင်ပဲ ကျန်တာခဲ့တာဆိုလို့ စပါးကျီပေါင်း ၃၀ ပဲကျန်တယ်ကျန်တာအားလုံးလောင်သွားတယ်လို့ ပြောပါတယ်။

တောင်ယာခုတ်တဲ့လုပ်ငန်းဟာ ကဲဆန်ဆာလင်ကျေးရွာနေပြည်သူတွေရဲ့တစ်ခုတည်းသောအသက်မွှေးဝမ်းကြောင်းလုပ်ငန်းဖြစ်ပြီး ခုလိုစပါးတွေ မီးလောင်သွားတဲ့အတွက် အငတ်ဘေးကြုံနိုင်ပြီး အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံတွေကဆိုပါတယ်။

ကျွန်တော်တို့က တောသူ၊တောင်သားတွေဆိုတခြားဘာလုပ်ငန်းမှမရှိဘူး စီးပွားလုပ်ငန်းတွေလည်းမရှိဘူး။ဒီဘက်က တောင်ယာခုတ်စားပြီးမှပဲ တစ်နှစ်တစ်နှစ်ဒီလိုဖြတ်သန်းကြတာ။ အခုလောင်သွားတာလည်းဒီနှစ်လုံစာဟုတ်တယ်လောလောယ် ဆန်ပြုတ်ပြုတ်တောင်ဖို့တောင်မရှိတဲ့အခြေအနေပါ အကူအညီသာမရရင်ငတ်ပြီးသေနိုင်တယ်လို့ အထက်ဖော်ပြပါ အမျိုးသားကဆက်ပြောပါတယ်။

တစ်ရွာလုံးနီးပါးရဲ့ စပါးကျီတွေမီးလောင်သွားတာကြောင့် လက်ရှိ လူဦးရေ ၃၀၀ ကျော်အတွက် ဆန်တွေအကူအညီလိုအပ်နေတာလို့သိရပါတယ်။

နာဂဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတုန်းကလည်း ဟွေထိုက်ကျေးရွာထဲက အိမ်ခြေ ၃၀ ကျော်မီးလောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း ဆော်လော်နောက်ကုန်းကျေးရွာမှာအိမ်သုံး ဆိုလာပြားအပူလွန်ကဲပြီး အိမ်ခြေ ၇၀ ကျော်မီးလောင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

The post ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ appeared first on Kachin News Group (KNG).