ကေအန်န်ဂျီ

ကေအန်န်ဂျီ

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့
၁၆ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၀ ရက် က သတင်း
မန္တလေး-မြစ်ကြီးနားလေယာဥ်လက်မှတ်စျေးအဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက်

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

စစ်ကိုင်မန္တ‌လေးမှာ ငလျင်လှုပ်ခတ်ပြီးနောက် မြစ်ကြီးနားမန္တလေး ကားလမ်းပိုင်းမှာ ကုန်တန်ဆာခတွေတစ်ဟုန်ထိုးမြင့်တက်နေတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ နောက်ပိုင်းမန္တလေးကနေ မြစ်ကြီးနားဘက် တင်သွင်းတဲ့ လူသုံးကုန်၊စားသောက်နဲ့အခြားသော ကုန်စည်သယ်ဆောင်မှုအပေါ် တန်ဆာခပုံမှန်ထက် တစ်စ နီးပါး မြင့်တက်သွားတယ်လို့ စားသောက်ကုန်ရောင်းနေတဲ့မြစ်ကြီးနားမြို့ခံအမျိူးသမီးတစ်ဦး KNG ကိုပြောပါတယ်။

အဲ့ငလျင်ဖြစ်ဖြစ်ပြီးချင်းတက်သွားတာခုထိပြန်မကျသေးဘူး။ တန်ဆာခတွေ ပုံမှန် တန်ဆာခလေးသောင်းကောက်တဲ့ ဂျက်ဖာတစ်ဖာက အခု ခြောက်သောင်း ခြောက်သောင်းခွဲ အထိရှိတယ် ရှစ်သောင်းလောက်ကောက်တဲ့ဟာက တစ်သိန်းကျော်တယ်လို့ အသက် ၃၀ ကျော်အရွယ် တပ်ကုန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ပုံမှန်အားဖြင့် တန်ဆာခကျပ် လေးသောင်း ကောက်ခံတဲ့ ဂျက်ဖာတစ်ဖာ၊ လက်ရှိ ကျပ် ၆ သောင်းခွဲ၊ ကျပ် ၈ သောင်းကောက်ခံတဲ့ ဂျက်ဖာတစ်ဖာ၊ လက်ရှိ ကျပ် ၁သိန်းသုံး‌သောင်း

အထိမြင့်တက်သွားတယ်လို့သိရပါတယ်။

တန်ဆာအရမ်းများတယ်ခုတလော ခါတိုင်း သုံးသိန်းလောက်ပဲကျတဲ့ ဂျက်ဖာကြီး အခု ငါးသိန်း၊ငါးသိန်းခွဲအထိရှိတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေ စျေးသည်တစ်ဦးကလည်း ပြောပါတယ်။

မြစ်ကြီးနားမန္တလေးကားလမ်းပိုင်းမှာ ကုန်စည်တန်ဆာခမြင့်တက်သွားတာနဲ့ပတ်သက်ပြီး မြစ်ကြီးနားမန္တလေးကားလမ်းပိုင်းမှာမောင်းနေတဲ့ကားသမားတစ်ဦးကအခုလိုပြောပါတယ်။

ဟိုစစ်ကိုင်းတံတားဟောင်းလည်းကျိူးသွားတယ်လေး ပြီးတော့အခုတံတားသစ်ကလည်း လောလော ဆယ်သွားလို့မရသေးဘူးကုန်ကားတွေကိုမဖြတ်ခိုင်းတာ တံတားကအက်နေတော့မဖြတ်ခိုင်းဘူး ကုန်တွေကို စက်လှေတွေ ဇက်တွေနဲ့ ပြန်ကယ့်ရတယ် အဲ့မှာပေးရတော့တန်ဆာခမတက်လို့လည်းမရပြန်ဘူးလို့ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် လက်ရှိအသုံးပြုနေတဲ့ စစ်ကိုင်းတံတား အက်ကြောင်းရာတွေဖြစ်နေတာကြောင့် ကုန်ကားဖြတ်သန်းခွင့်တားမြစ်ထားပြီး ရေကြောင်းကနေတဆင့် ကုန်တွေအဆင့်ဆင့်သယ်နေရလို့ တန်ဆာခတွေမြင့်တက်တာလို့ဆိုပါတယ်။

မြစ်ကြီးနားမန္တလေးကားလမ်းပိုင်းမှာ အခုလို တန်ဆာခတွေမြင့်တက်နေတာကြောင့် လတ်တ‌လော ကချင်ပြည်နယ်ထဲမှာ ကုန်စျေးနှုန်းတွေတရိပ်ရိပ်မြင့်တက်လာနေပြီး ပုံမှန် ကျပ်၈‌၀၀ ကုန်စည်တစ်ခု၊ လက်ရှိကျပ် ‌‌၁၀၀၀ ၊ပုံမှန် ကျပ် ၁၀၀၀ ရှိတဲ့ ကုန်စည်တစ်ခု ကျပ် ၁၂၀၀ အထိတဖြေးဖြေးမြင့်တက်လာနေတယ်လို့သိရပါတယ်။

ခရိုင်‌လေးခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦး တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်အတွက် အခြေခံလူသုံးကုန်၊ စားသောက်ကုန်ကို မန္တလေးဘက်က အများဆုံးတင်သွင်းပြီး တရုတ်ပြည်ဘက်ကလည်း တင်သွင်းတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးအခြေနေကြောင့် ကချင်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးနီးပါးမှာ ကုန်စည်တွေ အရင်လိုလွယ်လွယ်ကူကူနဲ့ မဝင်ရောက်နိုင်တော့တာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

The post မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ကုန်စည်တန်ဆာခမြင့်တက် appeared first on Kachin News Group (KNG).