ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး MNDAA တပ်များနှင့်အတူ နိုင်ငံရေး အကျဉ်းသားများ မြို့တွင်းမှထွက်ခွာ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
ဘုတ်ပြင်းရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးကာလက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး လွတ်မြောက်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တွေ့ဆုံမှုသည် မြန်မာ့အရှိတရားကို လက်ခံလာသည့်သဘောဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဗန်ကောက်မြို့မှာ မြေငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်မ်တို့တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးပို့နိုင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားရဲ့ စာနာမှုမစ်ရှင်ဟာ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပြီးရှေ့တန်းပို့ရာမှထွက်ပြေးလာသူအချို့ပြန်လည် ဖမ်းဆီးခံရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မတူပီမြို့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၍ ပါစတာအပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ကျော်ကျဆုံးကာ ခံစစ်နောက်ဆုတ်သွား
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ကျော်ကျဆုံးကာ ခံစစ်နောက်ဆုတ်သွား

၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် အဂ်ပူမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီက အကျအဆုံးများစွာဖြင့် ခံစစ်နောက်ဆုတ်သွားကြောင်း ဒေသခံများထံက သိရသည်။

အဂ်ပူမြို့နယ်နှင့် လေးမျက်နှာမြို့နယ်အစပ်ရှိ ဝါးတောကွင်းကျေးရွာ အပါအဝင် ပုသိမ်- မုံရွာကားလမ်းအနောက်ဘက်တစ်ကြောကို AAနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး ဧပြီ၁၇ ရက်နေ့ညတွင် ပန်းတောကြီးကျေးရွာကို ထပ်မံသိမ်းယူခဲ့ကြောင်း သိရသည်။

” ပန်းတောကြီးမှာ စစ်ကောင်စီဘက်က ၅၀ ကျော်ကျတယ်။ အချို့တွေဆို ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးကြတာ။ အခုတော့ဆီဆုံကုန်းရွာဘက်မှာ ခံစစ်ပြန်ပြင်နေတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဧပြီ ၁၇ရက်နေ့က ပိန္နဲကွင်း (ဂပြိုတောင်)မှနေ၍ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

“ဝါးတောကွင်းတလျှောက်ထိန်းချုပ်လိုက်တော့ စစ်တပ်က ရှေ့ဆက်မတိုးရဲတော့ဘူး။စစ်တပ်က ပိန္နဲကွင်းကနေ မနေ့ကရော တနေ့ကရော နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ပစ်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပိန္နဲကွင်း၊ ပဒတ်ကုန်း၊ တောနေစမ်း အနီး ဂေါက်ကွင်းနေရာများတွင် စစ်ကောင်စီက တပ်စွဲနေရာယူထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ယမန်နေ့ ဧပြီ ၁၇ရက်နေ့က လေးမျက်နှာမြို့အစပ် ယိုးဒယားကွင်းနှင့် ကြပ်ကြီးဘက်သို့ ဂျက်ဖိုက်တာ၊ Mi 35ရဟတ်ယာဉ်တို့ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအပြီး အဆိုပါကျေးရွာများတွင် ဖုန်းလိုင်း အဆက်အသွယ်များပြတ်တောက်သွားပြီး ဒေသခံများအခြေအနေကို မသိရှိရသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ဓာတ်ပုံ-AYA PDF အမှတ် ၂၉ ဗျူဟာ
#လေးမျက်နှာမြို့ #ကျေးရွာအချို့ #ပန်းတောကြီး#AA #တော်လှန်ရေးတပ် #ထိန်းချုပ် #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် #Ayeyarwaddy_Times

The post ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ကျော်ကျဆုံးကာ ခံစစ်နောက်ဆုတ်သွား appeared first on Ayeyarwaddy Times.