NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်မ်တို့တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးပို့နိုင်ရေး ဆွေးနွေး
ဧရာ၀တီတိုင်းမ်
ဧပြီ ၁၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့သည် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက် နံနက်ပိုင်းက Teleconference ( အွန်လိုင်း အစည်းအဝေး) ပြုလုပ်၍ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် အာဆီယံ ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာပေးပို့ ဖြန့်ဝေနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ဆွေးနွေး ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-NUG
#NUG #ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း #အာဆီယံအလှည့်ကျဥက္ကဋ္ဌ #မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ် #Ayeyarwaddy_Times
The post NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်မ်တို့တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးပို့နိုင်ရေး ဆွေးနွေး appeared first on Ayeyarwaddy Times.