ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး MNDAA တပ်များနှင့်အတူ နိုင်ငံရေး အကျဉ်းသားများ မြို့တွင်းမှထွက်ခွာ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
ဘုတ်ပြင်းရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးကာလက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး လွတ်မြောက်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တွေ့ဆုံမှုသည် မြန်မာ့အရှိတရားကို လက်ခံလာသည့်သဘောဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဗန်ကောက်မြို့မှာ မြေငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်မ်တို့တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးပို့နိုင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားရဲ့ စာနာမှုမစ်ရှင်ဟာ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပြီးရှေ့တန်းပို့ရာမှထွက်ပြေးလာသူအချို့ပြန်လည် ဖမ်းဆီးခံရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မတူပီမြို့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၍ ပါစတာအပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ကျော်ကျဆုံးကာ ခံစစ်နောက်ဆုတ်သွား
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး လွတ်မြောက်

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း

ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

မြန်မာ့နှစ်သစ်ကူးကာလဖြစ်သည့် သင်္ကြန် နှစ်ဆန်း ၁ ရက်နေ့(ဧပြီ ၁၇ ရက်) နေ့တွင် စစ်ကောင်စီ၏ နှစ်သစ်ကူး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အတွင်း အကျဉ်းထောင် ၃၃ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးလွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်‌ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ထံက သိရသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ လွတ်ရက်စေ့ခါနီးသူများ နှင့် ပုဒ်မ-၅၀၅ နှင့်ပါတ်သတ်ပြီး အကျဉ်းကျသူအများစုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦး နှင့် နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးတို့ ပါဝင် ကြောင်း သိရသည်။

“လက်ရှိမှာ ၅၀၅ တွေကမှ နိုင်ကျဉ်းအဖြစ် ပိုအသိမှတ်ပြုခံရပြီး လွတ်လာတဲ့အခါမှာ ၅၀၅ တွေပါသယောင်ယောင်များသယောင်ယောင် ဖြစ်နေတာ တကယ်တော့အကျဉ်းထောင်ထဲမှာ ၂၀၀၀၀ ကျော်သော ကျန်ရှိနေတဲ့ သူတွေဟာလည်း နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီးတော့ သူတို့တွေရဲ့လွတ်မြောက်မှုဟာလည်း တော်လှန်ရေးအောင်မှ လွတ်မြောက်နိုင်မယ့်ပုဒ်မတွေဖြစ်နေတယ် ဒါကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသားအများစုက မလွတ်လာတဲ့အခြေအနေဖြစ်ပါတယ်” ဟု PPNM အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီ၏ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်တွင် ကမာရွတ်မီဒီယာသတင်းဌာန ပူးတွဲတည် ထောင်သူတစ်ဦးဖြစ်သည့် ကိုဟံသာညိမ်း နှင့် ဒါရိုက်တာ စတီးတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်၏ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားများကို ပြန်လွတ်ပေးခြင်းမှာလည်း စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် လွှတ်ပေးခြင်းအမည်ခံကာ တစ်ဖက်တွင်လည်း တော်လှန်ရေးလှုပ်ရှားမှုများ ပြန်လည်မလှုပ်ရှားနိုင်ရန် စစ်ကောင်စီချမှတ်ထားသည့် စည်းမျဉ်းများကို လက်မှတ်ထိုးခိုင်းကာ ထိန်းချုပ်ထားခြင်းသာဖြစ် ကြောင်းလည်း ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

စစ်ကောင်စီသည် မြန်မာ့နှစ်သစ်ကူးကာလ အထိမ်းအမှတ် အပြင် ငလျင်ဘေးသင့်ကာလတွင် ကူညီပေးရန်ဟုဆိုကာ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား ၁၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း၎င်းတို့ပိုင် သတင်းမီဒီယာများတွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – အင်တာနက်

#စစ်ကောင်စီ #နှစ်သစ်ကူး #လွတ်ငြိမ်းချမ်းသာ #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times

The post စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး လွတ်မြောက် appeared first on Ayeyarwaddy Times.