ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး MNDAA တပ်များနှင့်အတူ နိုင်ငံရေး အကျဉ်းသားများ မြို့တွင်းမှထွက်ခွာ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
ဘုတ်ပြင်းရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးကာလက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး လွတ်မြောက်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တွေ့ဆုံမှုသည် မြန်မာ့အရှိတရားကို လက်ခံလာသည့်သဘောဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဗန်ကောက်မြို့မှာ မြေငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်မ်တို့တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးပို့နိုင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားရဲ့ စာနာမှုမစ်ရှင်ဟာ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပြီးရှေ့တန်းပို့ရာမှထွက်ပြေးလာသူအချို့ပြန်လည် ဖမ်းဆီးခံရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မတူပီမြို့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၍ ပါစတာအပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ကျော်ကျဆုံးကာ ခံစစ်နောက်ဆုတ်သွား
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တွေ့ဆုံမှုသည် မြန်မာ့အရှိတရားကို လက်ခံလာသည့်သဘောဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်း စစ်ခေါင်းဆောင်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်နှင့်ပါတွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ အရှိတရားကို မဖြစ်မနေ လက်ခံလာသည့် သဘောဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်မ်တို့သည် ယနေ့ဧပြီ ၁၈ ရက်၊ နံနက်ပိုင်းက အွန်လိုင်း (Teleconference) မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအရာသည် တရားဝင် အစိုးရမဟုတ်သော စစ်ကောင်စီ၏ နိုင်ငံတစ်ဝန်း စိုးမိုးထိန်းချုပ်နိုင်စွမ်း နည်းပါးလာမှု၊ မြန်မာ နိုင်ငံ၏ အရှိတရားကို မဖြစ်မနေ လက်ခံလာသည့် သဘောဖြစ်ကြောင်း NUG ဝန်ကြီး ချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲဒီတော့ မင်းအောင်လှိုင်နဲ့ တစ်ဖက်သတ် ဆက်ဆံဆောင်ရွက်နေခြင်းဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စ တွေအတွက် ဘာမှထူးခြားလာမှာ မဟုတ်ဘူးဆိုတဲ့ အရှိတရားပေါ့နော်။ ဒီဟာတွေကို အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ ပိုပြီးတော့ သိမြင်လာတဲ့ အခြေအနေလို့ သုံးသပ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

အဆိုပါတွေ့ဆုံမှုကို NUG ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တွေ့ဆုံစဉ်အတွင်း အာဆီယံ ဥက္ကဋ္ဌနှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ ဧပြီ ၁၇ ရက်ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုအတွင်း မြန်မာငလျင်ဘေး ပြန်လည်ထူထောင်ရေး၌ အာဆီယံ အသိုက်အဝန်းမှ ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံ အသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အတူ မလေးရှားဝန်ကြီးချုပ်ကလည်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် တိုင်းပြည် မူလအခြေအနေ ပြန်လည်ရောက်ရှိရေး၊ မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်နေသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ စသည်တို့ကို ဆွေနွေးခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

#အာဆီယံဥက္ကဋ္ဌ #NUGဝန်ကြီးချုပ် #တွေ့ဆုံ #မြန်မာ့အရှိတရား #ဝန်ကြီးချုပ်ရုံးပြောခွင့်ရ #ဦးနေဘုန်းလတ် #Ayeyarwaddy_Times

The post အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တွေ့ဆုံမှုသည် မြန်မာ့အရှိတရားကို လက်ခံလာသည့်သဘောဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော appeared first on Ayeyarwaddy Times.