ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး MNDAA တပ်များနှင့်အတူ နိုင်ငံရေး အကျဉ်းသားများ မြို့တွင်းမှထွက်ခွာ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
ဘုတ်ပြင်းရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးကာလက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး လွတ်မြောက်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း
အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ်တွေ့ဆုံမှုသည် မြန်မာ့အရှိတရားကို လက်ခံလာသည့်သဘောဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဗန်ကောက်မြို့မှာ မြေငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်မ်တို့တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးပို့နိုင်ရေး ဆွေးနွေး
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မလေးရှားရဲ့ စာနာမှုမစ်ရှင်ဟာ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် ပြော
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပြီးရှေ့တန်းပို့ရာမှထွက်ပြေးလာသူအချို့ပြန်လည် ဖမ်းဆီးခံရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂၁ နာရီ က သတင်း
မတူပီမြို့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၍ ပါစတာအပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ကျော်ကျဆုံးကာ ခံစစ်နောက်ဆုတ်သွား
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

ဘုတ်ပြင်းရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးကာလက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၁၁ နာရီ က သတင်း

ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁၈ ရက်

တနင်္သာရီတိုင်း ၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် တစ်ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ ) တာဝန်ရှိသူထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာ အခြေ စိုက် ရွှေဂဲညိုရွာ ပျူစောထီးစခန်းအား ဧပြီလ ၁၆ ရက် နံနက် ၃ နာရီခန့်အချိန်က တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် တစ်ဦးသေဆုံးပြီး ကျန်ပျူစောထီးများ ထွက်ပြေးသွားကြောင်း သိရသည်။

“ပျူစော ထီးတွေက နှစ်ဖွဲ့ပေါင်းပြီးနေနေကြတယ်ဗျ။ တောင်ငယ်ရွာ ပျူစောထီးရယ် ၊ ရွှေဂဲညိုရွာ ပျူစောထီးရယ်။ ပြောရမယ်ဆိုရင် စခန်းဆိုတာထက် ပျူစောထီးတွေအခြေစိုက်တဲ့ရွာတွေပါ။ အဲ့ဒီ ပျူစခန်း မှာ အင်အားက ၁၈ ယောက်လောက်ရှိတယ်ဗျ။ ပျူစောထီးခေါင်းဆောင် ဌေးဝင်းက နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ တစ်ဦး ကအထိနာသွားတယ်။ ကျန် တဲ့ သူတွေက လက်နက် ခဲယမ်းတွေအားလုံးကို ထားခဲ့ပြီးပြေးသွားကြတယ်” ဟု တနင်္သာရီ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်း ပျူစောထီးစခန်း ပစ်ခတ်မှုအတွင်းမှ AK အမျိုးအစား သေနတ် ငါး လက် ၊ ကာဘိုင် အမျိုးအစား သေနတ် တစ် လက်၊ M16 အမျိုးအစား သေနတ် သုံး လက် ၊ 79 မမ လောင်ချာ အမျိုးအစား သေနတ် တစ်လက်၊ 40 မမ ဗုံးသီး ငါး လုံး၊16 ကျည် ၂၀ တောင့် ၊ ကာပိုင်ကျည် ခုနစ် တောင့်၊ အီကွေးမင်း တစ် စုံ၊ 16 ကျည်ဘောက် နှစ် ခု၊ စကားပြောစက် တစ် လုံး နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပုံစာ- ပျူစောထီးစခန်း မှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ။
#ဘုတ်ပြင်း #ပျူစောထီးစခန်း #တိုက်ခိုက်ခံရ #ပျူစောထီးခေါင်းဆောင် #လက်နက်၁၀လက် #သိမ်းဆည်းရရှိ #Ayeyarwaddy_Times

The post ဘုတ်ပြင်းရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံးကာလက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ appeared first on Ayeyarwaddy Times.