မလေးရှားရဲ့ စာနာမှုမစ်ရှင်ဟာ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် ပြော
ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
ယာယီမြေပြင်ဆေးရုံတစ်ခု တည်ဆောက်ဖို့ မြန်မာနိုင်ငံသို့ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် မစ်ရှင်ကို စစ်ကောင်စီအာဏာပိုင်တွေရဲ့ တောင်းဆိုချက်ကြောင့် ရွှေ့ဆိုင်းလိုက်တယ်လို့ မလေးရှား နိုင် ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။
ဆေးရုံတည်ဆောက်ဖို့ ဘေးကင်းပြီး မဟာဗျူဟာကျတဲ့ နေရာတစ်ခု ရှာဖွေနေတာကြောင့် အစီ အစဉ်ကို ရွှေ့ဆိုင်းဖို့ မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက မေတ္တာရပ်ခံခဲ့တာလို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ရည်မှန်းထားတဲ့နေရာက အန္တရာယ်များပါတယ်။ ကျွန်တော်တို့ မလေးရှားစစ်တပ် ရဲ့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆေးဘက်အဖွဲ့တွေ စေလွှတ်မှာဖြစ်လို့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုက ဉီးစားပေး ဖြစ်ပါတယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
ဆေးဘက်ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးအတွက် အထိခိုက်ခံမှာမဟုတ်ဖူးဆိုတာ စစ်ကောင် စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေကို သတင်းစကားပါးခဲ့တယ်လို့ မိုဟာမက်ဟတ်ဆန်က ဆက် ပြောပါတယ်။
မလေးရှားနိုင်ငံရဲ့ လူသားချင်းစာနာမှုမစ်ရှင်က မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုတာမဟုတ် ပဲ မြေငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီတာသာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မလေးရှားစစ်တပ်ရဲ့ ယာယီဆေးရုံကို မြန်မာနိုင်ငံမှာ တည်ဆောက်မှာဖြစ်ပြီး ဆေးဘက်ဝန် ထမ်းတွေကို ဧပြီလ ၁၇ ရက်မှာ စေလွှတ်ဖို့ ကနဉီး စီစဉ်ထားတာပါ။
ကိုးကား – Bernama
Ref; Mission to set up field hospital in Myanmar put on hold – Mohamad
#Ayeyarwaddy_Times
The post မလေးရှားရဲ့ စာနာမှုမစ်ရှင်ဟာ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် ပြော appeared first on Ayeyarwaddy Times.