ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။