မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲကနေ တရုတ်နိုင်ငံသားတွေ ထွက်သွားကြဖို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က အမိန့်ထုတ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာတွေဘက် ခြေရာဖျောက် ပြောင်းရွှေ့နေကြတဲ့ တရုတ်နိုင်ငံသားတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။