ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆောက်လုပ်နေဆဲ မိုးပျံအမြန်လမ်းတခု ပြိုကျခဲ့လို့ မြန်မာအလုပ်သမား ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။ Chom Thong ခရိုင်ထဲမှာ Rama II ရာမ ၂ လမ်းမကြီးနားမှာ ဆောက်နေတဲ့ မိုးပျံအမြန်လမ်းပြိုပြီး အပိုင်းတခု ရာမ ၂ လမ်းမကြီးပေါ် ပြုတ်ကျခဲ့တာပါ။