အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့အဆိုကို မဏိပူရ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယ အထက်လွှတ်တော်အမတ် Leishemba Sanajaoba (လေရှမ်ဘ ဆာနာဂျောင်ဘ) က မတ်လ ၁၀ ရက်နေ့က အထက်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။