အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူအထိရောက်လာပြီး စီမံကိန်းဧရိယာထဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်မှာ တရုတ်နဲ့သဘောတူထားတဲ့ စီမံကိန်းတွေ စာချုပ်သတ်မှတ်ချိန်မပြည့်ခင် ပြီးမြောက်အောင် ဆောင်ရွက်ဖို့ စစ်ကောင်စီက အစည်းအဝေးတွေ လုပ်နေပါတယ်။