မြန်မာနိုင်ငံက လူပေါင်း တသန်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာအကူအညီ တွေ ဧပြီလက စတင် ပြတ်တောက်ဖို့ ရှိကြောင်း WFP က ဒီကနေ့ သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပဋိပက္ခတွေ ပြင်းထန်လာတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိဖို့ ကန့်သတ်ချက်တွေရှိနေပါတယ်။