မန္တလေးတိုင်း သာစည်မြို့အနီး ဗဟိုပြု ၅ ဒဿမ ၅ ဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်၊
ယနေ့ ( ဧပြီလ ၁၁ ရက် ) မနက် ၁၁ နာရီဝန်းကျင်တွင် မန္တလေးတိုင်း၊ မိတ္တီလာဒေသ ၊ သာစည်မြို့ ၏ အရှေ့မြောက်ဘက် ၊ အင်တိုင်းသာ အနီးတွင် ဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင် Earthquakes Prophecy Centre မှ ထုတ်ပြန်ခဲ့သည်။
ထို ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့သည့် တည်နေရာတွင် မြေအောက်အနက် ၁၀ ကီလိုမီတာ၊ ပြင်းအား ရစ်ချ်တာစကေး ၅ ဒဿန ၅ အဆင့်ရှိ ပြီး သျှမ်းပြည်ထိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တောင်ကြီး ၊ အေးသာယာ ညောင်ရွှေဘက်ထိ ငလျင်လှုပ်သွားသေးတယ် ၊ ၁၀ နာရီ ၅၉ မိနစ်လောက်က ဖြစ်သွားတာပါ။” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကို ပြီးခဲ့သည့်( မတ်လ ၂၈ ရက် ) တွင် စစ်ကိုင်းနှင့် မန္တလေးမြို့ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ငလျင်လှုပ်ခတ်မှု သည် ရပ်တန့်မသွားဘဲ ဆက်လက်၍ ယနေ့ (ဧပြီလ ၁၁ ရက်) နေ့ထိ နေ့စဉ်နီးပါး ထပ်မံဖြစ်ပေါ်မှုများရှိနေသည်။
နောက်ဆက်တွဲငလျင်များကြောင့် မြန်မာနိုင်ငံတဝှမ်း သမိုင်းဝင် ဘာသာရေး အဆောက်အဦများ၊ လမ်းတံတားများ အပါအဝင် တိုက်များ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်မြင့်တက်နေသည်။
The post မန္တလေးတိုင်း သာစည်မြို့အနီး ဗဟိုပြု ၅ ဒဿမ ၅ ဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်၊ appeared first on သျှမ်းသံတော်ဆင့်.