သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်

၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ  ဝမ်းရေးကျပ်တည်း
၁၆ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်သည့် ဈေးသည်များကို MNDAA လာရောက်နှင်ထုတ်
၁၅ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး
၁၄ ဧပြီ ၂၀၂၅လွန်ခဲ့သော ၅ ရက် က သတင်း
ငလျင်အကြောင်းပြု၍ အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံမည်
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
မန္တလေးတိုင်း သာစည်မြို့အနီး ဗဟိုပြု ၅ ဒဿမ ၅ ဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်၊
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ
သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့် via Myan.News

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

၁၅ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း

TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။ 

နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု အခင်းဖြစ်သည့်နေရာသို့ သွားရောက်ကူညီရှာဖွေ ပေးသည့် နမ့်ခမ်းမြို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

Photo CJ-ရွှေလီမြစ်အတွင်း ရေနစ်သည့်ကလေးကို ရှာဖွေနေကြစဉ်

“ ညနေ  ၄ နာရီခွဲလောက် ဖြစ်သွားတာ၊ ကလေးက ၁၅ နှစ်ပဲရှိသေးတာ၊ ပလောင်ကလေးလေး သူတို့နှစ်ယောက်  တူတူလာဆော့ကြတာတဲ့ တစ်ယောက်ကျ ရေထဲပါသွားတာ အလောင်းတော့ ဖြစ်တဲ့ချိန်ကတည်းက စက်လှေ သမားတွေနဲ့သွားရှာပေးတာ မတွေ့သေးဘူး” ဟု ၄င်းကပြောသည်။

ထိုကလေးငယ်ရေနစ်သည့် ယမန်နေ့ ညနေခင်းပိုင်းတွင် ဟိုဆိုင်းကျေးရွာရှိ လယ်ကွင်းတစ်ချို့ မီးလောင်နေ သည့်အချိန်ဖြစ်နေသည်ဟုလည်း ထိုပရဟိတ အဖွဲ့ဝင်က ဆက်ပြောသည်။

“အဲ့ချိန်က လယ်ကွင်းမှာမီးလောင်နေတာ၊ မီးလောင်တဲ့နေရာကလည်း သူရေနစ်တဲ့ နားလေးမှာပဲ၊ မီးလောင်လို့ မီးသတ်ကားတွေလဲအများကြီးရောက်လာတော့ သူများက မီးလောင်နေတဲ့ဖက် ကိုပဲ အာရုံစိုက်နေတာ၊ ရေနစ်သွားတာကို သိတာ နောက်ကျသွားတာ” ဟုဆိုသည်။

ရေနစ်ပျောက်ဆုံးသည့်ကလေးသည် သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် လွယ်အွန်ကျေးရွာနေ မိုင်းနိုင်ထက် အသက် ၁၅ နှစ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အလုပ်သင်သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

The post နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး appeared first on သျှမ်းသံတော်ဆင့်.