တာချီလိတ်မှာ လူငယ်တွေ ဘိန်းစာရွက် သုံးစွဲမှု ပိုများလာနေပြီး ရောင်းချတဲ့ဆိုင်တွေလည်း တိုးပွားနေ
မတ် ၂၆၊ ၂၀၂၅ Shy V (VOM) ထိုင်း – မြန်မာ နယ်စပ် တာချီလိတ် မြို့မှာ kratom ဆိုတဲ့ ဘိန်းစာရွက်ကို ကျောင်းသားလူငယ်တွေ သုံးစွဲမှုများလာလို့ မိဘတွေ စိုးရိမ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လတ်တလော သားနဲ့သမီး ကျောင်းပို့တဲ့လမ်းမှာ Kratom (ဘိန်းစာ/ ကထော့)ရောင်းတဲ့ဆိုင်တွေ အရမ်းများလာတယ်။ သူတို့ အတန်းထဲက သူငယ်ချင်းတွေကလည်း တော်တော်များများ ပိတ်ရက်တွေ၊ အားလပ်ချိန်တွေမှာ ကထော့ဆိုင်မှာ သောက်စားနေကြတာ တွေ့လာရတယ်။ မိခင်တယောက်အနေနဲ့ စမ်းမသောက်ဖို့ မှာထားပေမယ့် စိုးရိမ်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ တာချီလိတ်မှာ ဒီနှစ်အတွင်း ကထော့ သုံးတဲ့ ကလေးတွေ များလာပြီး အပျော်သဘောမျိုးအဖွဲ့လိုက် ဂိမ်းဆော့ရင်း ဆိုင်တွေမှာအော်ဟစ် သောက်စားနေကြတာလို့ ဆိုပါတယ်။ “ဆိုင်တွေက လုပ်ပြီးသား…