မတ် ၂၆ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်၊ ဘားအံမြို့က သံလွင်မြစ် သဲသောင်ပြင်မှာ ဧပြီလ တလလုံးနီးပါး သင်္ကြန်ပွဲတော် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ သင်္ကြန်ပွဲတော်ကို “နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်” ခေါင်းစဥ်နဲ့ အခု ၂၀၂၅ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “သဲသောင်ပြင်သင်္ကြန်ကို ညစျေးတန်းနားက သံလွင်မြစ်မှာ ကျင်းပမှာပါ။ ဒီနှစ်က ပထမဆုံးအကြိမ်ပေါ့။ ပြီးခဲ့တဲ့နှစ်ကလည်း လမ်းလျှောက်သင်္ကြန် စလုပ်တယ်။ ဒီနှစ်တော့ ပိုပြီးစည်ကားသွားအောင် သဲသောင်ပြင်သင်္ကြန်ကိုပါ ထပ်ထည့်တာပေါ့။ ဧပြီလ တလလုံးနီးပါး ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ နေရာလေးက ဘားအံကမ်းနား ညစျေးနားလေးတင်ဆိုတော့ မုန့်လည်းစား၊ ရေလည်း ကစားလို့ရပါမယ်။ အခုကတော့ ဘူဒိုဇာကားကြီးတွေနဲ့ မြေညှိတာတွေ လုပ်နေပြီ။ မဏ္ဍပ်ထိုးဖို့၊ LED မီး…