ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ အပြီးပြုလုပ်မှာဖြစ်ပြီး မဲများသူအနိုင်ရတဲ့ FPTP စနစ်အပြင် အချိုးကျ PR စနစ်ပါကျင့်သုံးမယ်
မတ် ၂၆ – ၂ဝ၂၅ KKO(VOM) ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာနဲ့ လာမယ့်နှစ်ဇန်နဝါရီလအတွင်းမှာ အပြီးပြုလုပ်သွားမယ်လို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ အဲဒီပြောကြားမှုကို အခုမတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ နစက အစိုးရအဖွဲ့ရဲ့အစည်း အဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတိအလင်း ပြောကြားလိုက်တာဖြစ်ပြီး သူရဲ့အစိုးရ အဖွဲ့ကိုလည်းလွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ဖို့ကိုလည်းမှာကြားခဲ့တယ်လို့ သိရပါတယ်။ “ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့ စတုတ္ထပတ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တို့အတွင်းမှာ ကျင်းပပြုလုပ်ဖို့လျာထားပါတယ်။အခုရွေးကောက်ပွဲကို မဲမသမာမှုပြုလုပ်ဖို့မလွယ်ကူတဲ့ စနစ်ဖြစ်တဲ့ Electronic Voting Machine စနစ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကိုဦးစား ပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်”လို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒါအပြင် နိုင်ငံရေးပါတီတွေ အနေနဲ့လည်းရွေးကောက်ပွဲဝင်ရောက်နိုင်ဖို့ဥပဒေနဲ့အညီ ခွင့်ပြုပေးထားတယ်လို့…