မန္တလေးမှာ မြန်မာ့ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ဒီနှစ်သင်္ကြန်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ်
မန္တလေး၊ မတ် – ၂၇ – ၂၀၂၅ SA(VOM) အရင်နှစ်သင်္ကြန်ပွဲတော်တွေနဲ့ မတူပဲ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့်မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာယဥ်ကျေးမှုတွေကို အခြေခံပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က စီစဥ်ထားတယ်လို့ သိရပါတယ်။ “ဒီနှစ်မှာတော့ ပထမပိုင်းအစီအစဥ်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က ဖဲကြိုးဖြတ်ပြီးတာနဲ့ ကျောင်းသူအင်အား ၉၀၀ က မဏ္ဍပ်ရှေ့မှာ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ ဒုတိယပိုင်းအစီအစဥ်မှာတော့ ဒီနှစ်က ခါတိုင်းနဲ့မတူဘူး ယူနက်စကိုကနေပြီးတော့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်က လူသားမျိုးနွယ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ထားတဲ့အတွက် အခမ်းအနားအစီအစဥ် ဒုတိယပိုင်းအစီအစဥ်ကို ကြီးကျယ်ခမ်းနားစွာ လုပ်ဖို့ရှိပါတယ်။ အဲ့ဒါတွေကိုတော့ ပွဲတော်ကျင်းပဖို့ နီးတဲ့အချိန်မှာ အသေးစိတ် ပြောပြသွားမှာဖြစ်ပါတယ်” လို့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြား ရေးဌာန၊ ဌာနမှုး ဦးတင်ထွန်းဦးက…