ကေအိုင်စီ

ကေအိုင်စီ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
မင်းစောရွာ ဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံးကြဲခံရမှု ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
ကဘီယူၤလဲၤတ့ၢ်လီၤမ့ၣ်ပိၢ်လၢဃီဖျိပျဲၢ်သီခါဖၠၣ် ကမျၢၢ်သံ(၂)ဂၤဒီးတပွဲဘၣ်ဒိနးနး(၂)ပါ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
ရွှေကျင် ရေတွင်းကုန်းရွာ၌ ဗုံးကြဲခံရပြီး မီးလောင်သွားသည့် ကောက်ရိုးပုံကို မီးငြိမ်းသတ်ချိန် လက်နက်ကြီးကျ၍ တစ်ဦးသေဆုံး
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
ကော့ကရိတ် မြို့တွင်းက ထွက်ခွာလိုသူများ ပိတ်မိနေ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
Radio Karen Podcast – (EP-09) April 19, 2025
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၅ နာရီ က သတင်း
ဘီလင်း မင်းစောရွာ ဘုန်းကြီးကျောင်းဆွမ်းစားချိန် စစ်ကောင်စီ ဗုံးကြဲ ၂ ဦး သေဆုံး
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၆ နာရီ က သတင်း
တိုက်ပွဲကြောင့် ကော့ကရိတ်ဒေသခံ ၂၀၀ ကျော် ထိုင်းနယ်စပ်သို့ စစ်ရှောင်
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဒေသအတွင်း မတည်ငြိမ်မှုကြောင့် ပရေကြေးထရေတံခွန်မှာဈေးရောင်းသူတွေအခက်ကြုံနေရ
၁၈ ဧပြီ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ကီးတရံး-ကြုၢ်တု ပှၤလီၢ်အိၣ်ကမှံဖိ လၢအကထိလိၣ်ဘၣ်ဂ့ၢ်ဂီၢ်အူတၢ်မၤစၢၤ
ကေအိုင်စီ

ကေအိုင်စီ via Myan.News

မင်းစောရွာ ဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံးကြဲခံရမှု ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း

ဧပြီ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော်များဆွမ်းစာချိန် ယနေ့မနက်ပိုင်းက စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အတွင်း သေဆုံးသူ (၃) ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိထားသူ ၁၀ ဦးထက်မနည်းရှိသည်ဟု နောက်ဆက်တွဲ သိရသည်။

မင်းစောကျေးရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက ယနေ့ မနက်ပိုင်းတစ်ကြိမ် နေ့လည် ၁ နာရီ ဝန်းကျင်တွင်တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံးဖြင့်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတွင် သတင်းသုံးနေသည့် ကိုရင်လေးတစ်ပါး သေဆုံးကာ ကျောင်းဒကာမ ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးသွားသည်။

သံဃာတော်များ ဆွမ်းစားရန် ဒေသခံ ဒကာ၊ ဒကာမများက ဝိုင်းဝန်းပြင်ဆင်‌ ကုသိုလ်ယူနေချိန်ဖြစ်၍ စိုးရိမ်ရသည့်ဒဏ်ရာရရှိသူအပါအဝင် ထိခိုက်သူ ၁၀ ဦးထက်မနည်း ရှိနေ‌ကြောင်းလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဘီးလင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက် ၁၁ နာရီက တစ်ခါကြဲပြီးတော့ နေ့လည် ၁ နာရီလောက်မှာ နောက်တစ်ခါလာကြဲတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ကြဲတာ။ သေတဲ့သူကတော့ ကိုရင်တစ်ပါး အပါ ၃ ယောက်ပဲ။ ဒဏ်ရာရ ထားတဲ့ သူတွေများတယ်။ ၁၀ ယောက်ထက်မနည်းဘူး။ ဒေသခံတွေက ဘုန်းကြီးကျောင်းမှာ ဆွမ်းဝိုင်း ပြင်နေကြတာ၊ ဆွမ်းမစားရသေးဘူး အဲဒီအချိန်ကြဲသွားတာ။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့ သူလည်း ပါတယ်” ဟု ၎င်း က ပြောသည်။

ဘုန်းကြီးကျောင်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်အ‌ပေါ် ကေအဲန်ယူဘက်ကလည်း အတည်ပြုပေးထားပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် ကျောင်းရှိ ကိုရင်ကြီးနှင့် ကိုရင်လေး ၂ ပါးရှိသည်ဟု ကေအိုင်စီသို့ ပြောဆိုထားသလို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦး အချို့ ထိခိုက်ပျက်စီးထားသည်ဟုလည်း သိရသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေများအတွင်း အရပ်သားနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီက ယခု နောက်ပိုင်းတွင် သာသနာပိုင် အဆောက်အဦးများ၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုလည်း သိသိသာသာပိုမိုလုပ်ဆောင်လာသည်။

လတ်တလော စစ်ရေးအခြေအနေပြင်းထန်နေသည့် တပ်မဟာ(၆)နယ်‌မြေ၊ ကော့ကရိတ်မြို့နယ် ကမ်းနီစံပြကျေးရွာ ဘုန်းကြီး‌ကျောင်းပေါ်သို့လည်း ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က တိုက်ပွဲမဖြစ်ဘဲ ပေါင် ၅၀၀ ဗုံးကြဲချခဲ့မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ သံဃာတော်နှင့် ဒေသခံ ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့သေးသည်။