Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီး လှုပ်သွားပြီးတဲ့နောက် ပြိုကျပျက်စီးနေတဲ့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်ဆိုပြီးတော့ပါ ထုတ်ဖော်ပြောဆိုလာပြန်ပါတယ်။
ငလျင်ဒဏ်ခံစားထားရတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ကျေးရွာ ၂ ခုကို ဧပြီလ ၁၈ ရက်နေ့ဖြစ်တဲ့ မနေ့က တစ်ရက်တည်းမှာတင် လေယာဉ်နဲ့လာပြီး ဗုံးတွေ ကျဲချသွားမှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ရပြန်တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့က ကမာရွတ်မြို့မ ရဲစခန်းကို ရန်ကုန်မြို့ပြ တော်လှန်ရေးရဲဘော်တွေက လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
The post Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် appeared first on Khit Thit Media.