ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ နာရီ က သတင်း
Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ နာရီ က သတင်း
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၃ သေဆုံးပြီး KNU က ပြည်သူများထံသို့ အသိပေး ချက်ထုတ်ပြန်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်အတွင်း မိုင်းထိသေဆုံးသွားသော စစ်သားအလောင်း တစ်လောင်း တွေ့ရှိ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၆ နာရီ က သတင်း
ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၆ နာရီ က သတင်း
မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်နည်း အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး၊ စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုလုပ်နေ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော်ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရ
ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ via Myan.News

မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်နည်း အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး၊ စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုလုပ်နေ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၆ နာရီ က သတင်း

မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်နည်း အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး၊ စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုလုပ်နေ

ရန်ကုန်၊ ဧပြီ ၁၉

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက် ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ – PDF သတင်းနှင့် ပြန် ကြား ရေးတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မိုးဗြဲမြို့တွင်းသို့ အင်အား ၁၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ သော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းမှ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ် ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲအပြင် ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း အပြင်း အထန် ဒဏ်ရာရရှိကာ အထိနာပြီး ခမရ ၄၂၂ တပ်ရင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“တိုက်ပွဲကတော်တော်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ မနက် ၈ လောက်ရီလောက်မှာ စခတွေ ပြန် ဆုတ်သွားတာပါ။ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီကျော်ကျော်လောက်ကြာခဲ့ပါတယ်။ နယ်မြေ ရှင်းလင်းရေးမလုပ်ရသေးတော့ သေဆုံးတဲ့အရေအတွက်ကတော့အတိအကျမသိရသေးပါဘူး။ လော လောဆယ်တော့ လေယာဉ်နဲ့လည်း လာကျဲနေတယ်။ အသေးစိတ်တော့ မသိရ ဘူး” ဟု ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ – PDF သတင်းနှင့် ပြန် ကြားရေးတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုကို ရှမ်းကရင်နီစစ်တိုင်းဒေသ ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် ၁ ဗျူဟာ၊ ကရင်နီအမျိုး သားကာကွယ်ရေးတပ် KNDF နှင့် အခြားသောမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိကာ ဂျန်ပါမိ၍ ဒရုန်း ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှူံးခဲ့ရသော အမှတ် ၁ ဗျူဟာ ဒရုန်းအား အမြန်ဆုံးပြန်လည်ဝယ် ယူနိုင်ရန်အတွက် ပြည် တွင်းပြည်ပရှိ ထောက်ပို့မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် အချိန်မရွေး တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်သော ကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာလိုပါက မြေ ပြင်အခြေနေကို စုံစမ်းမေးပြီးမှသာ ဖြတ်သန်းသွားလာကြပါရန် တိုက်တွန်းမေတ္တာ ရပ်ခံထားသည်။

The post မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်နည်း အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး၊ စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုလုပ်နေ appeared first on Khit Thit Media.