ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ နာရီ က သတင်း
Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ နာရီ က သတင်း
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၃ သေဆုံးပြီး KNU က ပြည်သူများထံသို့ အသိပေး ချက်ထုတ်ပြန်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်အတွင်း မိုင်းထိသေဆုံးသွားသော စစ်သားအလောင်း တစ်လောင်း တွေ့ရှိ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ နာရီ က သတင်း
KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၅ နာရီ က သတင်း
ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၅ နာရီ က သတင်း
မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်နည်း အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး၊ စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုလုပ်နေ
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၇ နာရီ က သတင်း
ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော်ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရ
ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ via Myan.News

Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ

၁၉ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ နာရီ က သတင်း

Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ

ရန်ကုန်၊ ဧပြီ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ သေဆုံးမှု ပိုများနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ် နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တာရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သိရှိရသည်။

“ဓာတ်ဆီဆိုင်ဆိုတော့ ပေါက်ကွဲမှုတွေကော လမ်းဘေး လူစည်းကားတဲ့ နေရာဆိုတော့ အခုချိန်ထိ သေဆုံးတဲ့ သူက ၁၃ ဦးပေါ့။ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေပါပါတယ်။ တချို့က လမ်းမှာပဲ ကွယ်လွန်သွားတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရတယ်။ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းကတော့ ပျောက်ဆုံးနေပါတယ်။ ကျနော်တို့ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရတာ ၁၀ ကြိမ်ရှိပါပြီ သင်္ကြန် အကြိုနေ့ကနေစပြီး ဒီနေ့ချိန်ထိပေါ့။ သူတို့ကျဲချတဲ့ ၁၀ ကြိမ်လုံးမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူတွေပဲ ထိခိုက်သေဆုံးတယ်ဆိုတော့ ကျနော်တို့ စစ်ကောင်စီကို မေးခွန်းထုတ်ချင်ပါတယ်။ ကျနော်တို့ အရပ်သား ပြည်သူ တွေကို ဘာလို့ ရက်ရက်စက်စက် တိုက်ခိုက်နေတာတုန်းပေါ့။ ကျနော်တို့ ရဲဘော်တွေ မြေပြင်မှာ လုံးဝ မခံစားနိုင်ဘူး။ ဒါတွေ မြင်နေရတာ” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

The post Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ appeared first on Khit Thit Media.