
ယာယီအပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်တပ်က သင်္ကြန်ကာလတွင်း နိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက်မှုလုပ်နေရာ ယမန်နေ့ ဧပြီ ၁၆ (သင်္ကြန်အတက်)နေ့တွင် မြို့နယ် ၆ ခုထက်မနည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦး အပါ အဝင် ၇ ဦး သေဆုံးပြီး အနည်းဆုံး နှစ်ဒါဇင်ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။