ကျန်းမာရေးကောင်းကျိုးရှိတယ်လို့ ယုံကြည်ပြီး အရွယ်ရောက်ပြီးသူအချို့တောင် လူနို့ရည်ကို သောက်သုံးလာကြပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ လူနို့ရည်ကို အွန်လိုင်းကနေ ဝယ်ယူတာဟာ အန္တရာယ်များတယ်လို့ သတိပေးနေပါတယ်။ ဒီတော့ လူနို့ရည်နဲ့ပတ်သက်ရင် သိပ္ပံက ဘာပြောထားလဲ။ လူနို့ရည်သောက်လို့ အရွယ်ရောက်သူတွေ ကျန်းမာလာကြမှာပါလား။